
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ များအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်အား စျေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ၂၀၂၅၊ ဒီဇင်ဘာလ(၂၄)ရက် နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဥ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ကမ်းနားလမ်းရှိ တနင်္သာရီရိုးမ-ဟီးရိုး သယ် ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ကွင်းဆင်းစစ်ဆေးမေးမြန်းခဲ့ရာ တနင်္သာရီရိုးမ-ဟီးရိုး ယာဥ် လိုင်းအနေဖြင့် ခရီးသည်(၁၅)ဦးဆန့် အန်စာတုံးကားများဖြင့် မြိတ်-ကော့သောင်း-ထားဝယ်-မော်လမြိုင်အထိ ပြေးဆွဲလျက်ရှိပြီး ခရီးသည်များအား (၁၅)ဦးဆန့်သော်လည်း (၁၃)ဦး ခန့်ဖြင့်သာ တင်ဆောင်လျက်ရှိကြောင်း၊ ယာဥ်မောင်းများအနေဖြင့် အရက်သေစာသောက်စားခြင်း မရှိစေရန်၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်း များ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ရန်တို့ကိုပြောကြားခဲ့ပြီး ပို့ဆောင်ရေးကဏ္ဍသည် အထူး အရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုအခြေအနေများ စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
