Main menu

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံး သူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့တို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်မြို့၊ တလိုင်း စုရပ်ရှိ ဆေးဆိုင်များအား ဆေးစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ် သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)