
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်း စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ဒီဇင်ဘာလ အတွင်းတွင် ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အ.မ.က(၇၊ ၈၊ ၉၈၊ ၁၅၀) ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/သူများ၊ ခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံမှ အနောက် ပိုင်းရပ်ကွက်ရှိ အ.မ.က ကျောင်းများတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ် တာဝန်ခံမှ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၁)ကြိမ် စုစုပေါင်း(၈)ကြိမ် ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
