Main menu

ညောင်ဦးမြို့တွင် ဆေးဆိုင်များအားဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်း

Powered by Drupal

                  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များလုံခြုံစိတ်ချမှု ရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ(၁၉)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ အင်္ဂလိပ်ဆေးဝါးများ၊ တိုင်းရင်းဆေးများနှင့်စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပဋိဇီဝဆေးဝါး ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးများရောင်းချခြင်းနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းနှင့် ဈေးကွက်နမူနာကောက်ယူခြင်းများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)