
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက် အားတိုက် လုပ်ဆောင်လျက်ရှိရာ ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် ကဝမြို့နယ်၌ ကျင်းပသော “ GAP / GHP နှင့် ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ နည်းပညာသင်တန်း ” သို့ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးတို့မှ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ နည်းပညာသင်တန်းသည် ဥရောပနိုင်ငံများသို့ ပဲပင်ပေါက်များ တင်ပို့နိုင်ရေးအတွက် GAP / GHP နှင့် ပိုးသတ်ဆေးများကို မည်ကဲ့သို့ အကျိုးရှိစွာ အသုံးချနိုင်ရေးကို သင်ကြားပို့ချ ပေးသော သင်တန်းဖြစ်ပြီး ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲ့ကျေးရွာရှိ ပဲပင်ပေါက် စိုက်ပျိုးသော တောင်သူများအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှလည်း ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ ဥရောပသို့ ပဲပင်ပေါက်သီးနှံ တင်ပို့နိုင်ရေးအတွက် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်နိုင်သည်တို့ကို ဆွေးနွေးအဖြေရှာခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
