Main menu

ကျောက်တံခါးမြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ကျောက်တံခါးမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ဆေးခန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၁၈.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောက်တံခါးမြို့ပေါ်ရှိ ဆေးဆိုင်များအား ကျောက်တံခါးမြို့နယ် ဆေးဝါးကြီးကြပ်ရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဦးစီးမှူး ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်ဆေးဝါးကြီးကြပ်ရေး အဖွဲ့များဖြစ် သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာ ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ ကျောက်တံခါးမြို့ပေါ်ရှိ ဆေးခန်းများနှင့် ဆေးအရောင်းဆိုင်များတွင် ဆေးဝါးများကို စည်းစနစ်ကျနစွာ ထားရှိရန်၊ အအေး ခန်းတွင် ထားရှိရမည့် ဆေးများအား သတ်မှတ်ဒီဂရီတွင် ထားရှိရန်၊ စပ်ဆေးများ ရောင်းချြခင်း မပြု ရန်၊ ဆေးရောင်းချသော ဝန်ထမ်းများအနေဖြင့် ဆေးပေးမှားမှု မရှိစေရေးအတွက် အထူးဂရုစိုက်ရန်၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း မပြုရန်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)