
အခြေခံပညာကျောင်းများတွင် ရောင်းချနေသော မုန့်များကို စားသုံးသည့် ကျောင်းသားလူငယ်များ ဘေူအန္တရာယ်ကင်းရှင်းရေးအတွက် မုန့်ဈေးတန်း စစ်ဆေးခြင်းကို ကျောင်းဖွင့်ရာသီတွင် လျာထားချက်နှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အသင့်စားမုန့်တွေ စားသုံးမိခြင်းကြောင့် ကလေးငယ်တွေမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါစတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားမှု မရှိစေရန် အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့် များကို စစ်ဆေးဆောင်ရွက်ရန်လိုအပ်သဖြင့် ကျန်းမာရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအသိပညာပေးခြင်း၊ မုန့်ဈေးတန်းများကို စစ်ဆေးခြင်းကို ၁၇-၁၂-၂၀၂၅ ရက်နေ့ နံနက်(၀၉၃၀)အချိန်က အ.လ.က ၄ ကျောင်း မအူပင်မြို့ စာရေးကုန်းရပ်ကွက်တွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်သင်းသင်းထွေး စားသုံးသူရေးရာဌာနခွဲမှ တာဝန်ရှိသူနှင့် ဝန်ထမ်း(၄)ဦးတို့သည့် ကျောင်းမုန့်ဈေးတန်း ၁၂ဆိုင်မှ ရောင်းချသော အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ ရောင်းချသောမုန့်များတွင် ထုတ်လုပ်သည့် လုပ်ငန်းလိပ်စာ ကြည့်ရှုစစ် ဆေးခြင်း၊ ခွင့်ပြုချက်၊ ထုတ်လုပ်မှု အမှတ်စဉ်များကို စစ်ဆေးခြင်း၊ ထမင်းဆိုင်ရောင်းချသူနှင့် ဗမာမုန့်ရောင်းချသူများအား သန့်ရှင်းသပ်ရပ်မှုနှင့် လက်အိတ်သုံးစွဲ၍ ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်း၊ မုန့်ဆိုင်လုပ်ငန်းရှင်များ ကျန်းမာရေး ထောက်ခံချက်များအား ကြည်ရှုစစ်ဆေးခြင်း၊ ဒေသတွင် ထုတ်လုပ်သောမုန့်များရောင်းချပါက ဆိုးဆေးနှင့် ဆေးသကြားများ သုံးစွဲမှုမရှိစေရန် မှာကြား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မအူပင်မြို့ စာရေးကုန်း အ.လ.က ၄ ကျောင်းမှ မုန့်ဈေးတန်းတာဝန်ခံများနှင့် လုပ်ငန်းရှင်တို့သည် ဌာနမှ သက်မှတ်ချက်များအတိုင်းလိုက်နာ၍ ဆောင်ရွက်ထားရှိကြောင်းနှင့် စားသုံးရန်သင့်သော မုန့်များကိုရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စစ်ဆေးသူမှ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ အကြောင်းထဲမှ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန် သော သတင်းအချက်အလက်ပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း စသည်တို့ကို ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
