Main menu

သိုလှောင်ရုံ စပါး ဆန် လက်ကျန် အခြေအနေများ မြေပြင် စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး နှင့်ဝန်ထမ်းများသည် မအူပင်မြို့နယ်ရှိ ဆန်စက်၊ သိုလှောင်ရုံများ သို့သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်း နိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ဒီဇင်ဘာလအတွက် (၁၇.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် ရေလဲလမ်းမပေါ်ရှိ ဆန်စက်နှင့် သိုရုံများ သို့ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှု များအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မအူပင်မြို့နယ်အတွင်း ဆန်စက်၊ သိုလှောင်ရုံ၊ ကုမ္ပဏီများ၊ ဆန်ဆိုင်နှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီး၊ သက်တမ်းတိုးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိ ပါသည်။

   မအူပင်မြို့နယ် ဆန်စက်၊သိုရုံနှင့် ဆန်ဆိုင် လုပ်ငန်းရှင်တို့မှ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းများ၏ ဆန်/စပါးသိုလှောင်မှု  မြေပြင် အခြေ အနေမှန်များကို စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့စုံဖြင့် လစဉ်ကွင်းဆင်းစစ် ဆေးခြင်း ဆောင်ရွက်လျက်ရှိပြီး  MyRo တွင် မှတ်ပုံတင်ထား ပြီး သည့်   ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင် များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update စာရင်းများကို မဖြစ်မနေ ဖြည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေ များအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)