Main menu

စက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းဆိုင်ရာ သိကောင်းစရာ ဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်သဇင်ဦး (ဒုဦးစီးမှူး) သည်(၁၈-၁၂-၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းဆိုင်ရာ သိကောင်းစရာ ပတ်သက်သည့် စားသုံးသူအသိပညာပေး ဟောပြောခဲ့သည်။

     ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်း ကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေး ဥပဒေ သည် (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုလည်းကောင်း၊ ဥပဒေထဲမှ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်များအကြောင်းကို ရှင်းလင်းရာ ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဖော်ပြထား သည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုကြောင်း၊ စားသုံးသူနှင့် ကုန်ပစ္စည်းအကြား ကြားခံတစ်ခုအဖြစ် ကုန်ပစ္စည်းအချက်အလက်ဖော်ပြထားခြင်း၊ ပုံစံအမျိုးမျိုး စာဖြင့် သင်္ကေတဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်း၊ စားသုံးသူ၏အလေ့အထအရ ဈေးနှုန်း၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်း၊ အမျိုးအစားတူ ကုန်စည်နှင့် နှိုင်းယှဉ် ကြည်ရှုတက်ကြကြောင်း၊  Labelling Provisions ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့မှစ၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် အာဏာတည်ကြောင်း၊ ၂၀၂၀ပြည်နှစ် မတ်လ ၁၆ရက်နေမှ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များစတင်အာဏာ တည်ကြောင်း ကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပုဒ်မ ၄၁ ၅အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ (၈)ချက်ကို ဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းခြင်း၊ ကုန်အညွှန်အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးရေးအရာရှိမှ စစ်ဆေးဆောင်ရွက်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ညွှန်ကြားချက်များထုတ်ပြန်ထားပြီး (၂/၂၀၁၉)၊ (၁/၂၀၂၀) (၁/၂၀၂၁) တို့၏ သတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်များမှ မိမိထုတ်ကုန်များအပေါ် တားမြစ်ချက် ပုဒ်မ ၆၇၊ ၆၈ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ လိုက်နာခြင်းမရှိ ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ် မပိုသော၊ ငွေကျပ် သိန်း ၂၀၀ထက်မပိုသော ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ပြီး ပုဒ်မ ၇၉အရ ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ကြောင်းသတ်မှတ်ထားရှိကြောင်းကို ရှင်းလင်းပြီး သင်တန်းသားများက သိလိုသည်များမေးမြန်း မှုကို တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)