
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးနှင့်အတူ (၁၈-၁၂-၂၀၂၅)ရက်နေ့၌ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ အေဝမ်းအမည်ဖြင့် လူသုံးကုန်ပစ္စည်းလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်အေးအေးဝင်း နှင့် တွေ့ဆုံ၍ ဆပ်ပြာဆီထုတ်လုပ်ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များ နှင့် အခန်း၁၈ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း ၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက Online Registration လျှောက်ထားရမည်ဖြစ် ကြောင်း ၊ အခက်အခဲများရှိပါက ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးမှအသေးစားမှတ်ပုံတင်နိုင်ရေးအတွက်လိုအပ်သည့် အချက်အလက် များဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
