
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို လုံခြုံ ချောမွေ့စွာဖြင့် ပို့ဆောင်ပေးသည့်ဝန်ဆောင်မှုများပေးအပ်စေခြင်းဖြင့် ဝန်ဆောင်မှုကိုအသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ် လာပါကဖြစ်သင့်ဖြစ်ထိုက်သောကုစားခွင့်ရရှိစေရန်၊စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ယာဉ်များကြီးကြပ်ရေးကော်မတီများပူးပေါင်း၍ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ မြစ်ဖျားဧရာ ကားဝင်းသို့သွားရောက်ပြီး မော်တော်ယာဉ်အသင်းပိုင်ရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်မော်တော်ယာဉ်အသင်းများအနေဖြင့်အစိုးရအဖွဲ့၏ခရီးစဉ်ပြေးဆွဲခွင့်၊ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း(“က”လုပ်ငန်းလိုင်စင်)၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာများ၏ မော်တော်ယာဉ်မှတ်ပုံတင်၊ ကုန်ပစ္စည်းတန်ဆာပေးပို့မှုပြေစာတွင်ဆက်သွယ်ရမည့်ဖုန်းအမှတ်များ၊စားသုံးသူနှင့်ယာဉ်အသင်းအကြားသတ်မှတ်ထားသည့်စည်းကမ်းချက်များဖော်ပြထားပြီးညွှန်ကြားချက်များနှင့်အညီလုပ်ငန်းဆောင်ရွက်လျက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
မော်တော်ယာဉ်အသင်းပိုင်ရှင်များအားစားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးရမည့်အချက်များ၊ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊စားသုံးသူကာကွယ်ရေးဥပဒေပါပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေပါ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
