Main menu

ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

      ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်အတွင်းစားသုံးသူများအနေဖြင့်အစားအသောက်များ ဝယ်ယူစားသုံးရာတွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်ပြည်တွင်း၌ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများ/စက်ရုံများ/ကုမ္ပဏီများအားစားသုံးသူများကိုဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော၊အရည်အသွေးမပြည့်မီသောကုန်စည်များရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန် ၂၃.၁၂.၂၀၂၅ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မြေမြင့်နှင့် ရမ်ပူရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံ(၂)ခုသို့ ဈေးကွက်မရောက်မီကွင်းဆင်း စစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် သောက်ရေသန့်လုပ်ငန်းများအနေဖြင့် စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်ရယူထားပြီး   မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်၂/၂၀၁၉ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များအား လိုက်နာဆောင်ရွက်ထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားကာဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါ သည်။

    သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများ၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက် သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)