
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် မြေပဲဆုံဆီ နဝလီ ကြိတ်ခွဲသည့် လုပ်ငန်း ရှင်များ ယခင်ကထက်ပို၍ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပါသည်။ မြေပဲဆုံဆီလုပ်ငန်းကို ဖြန့်ဖြူး ထုတ်လုပ် ရောင်းချခြင်းထက် နဝလီကြိတ်ခွဲသည်မှာ ပို၍ တွက်ခြေကိုက်မှုရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ မြေပဲ လုံးဆံ တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၈၄၀၀)၊ ပဲလေး တစ်ပိဿာလျှင် ကျပ်(၇၈၀၀-၈၁၀၀)၊ ပဲခွေဖတ် တစ်ပိဿာလျှင် ကျပ်(၆၂၀၀-၆၄၀၀)ဖြစ်ကြောင်း၊ ဆုံဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀) ဖြင့် ရောင်းချနေကြောင်း၊ ဆုံကြိတ်ခမှာ (၅)ပိဿာ တစ်ဆုံလျှင် ကျပ်(၃၀၀၀)ယူပြီး (၂၅)ပိဿာဝင် တစ်အိတ်လျှင် လက်လီဈေး ကျပ်(၁၅၀၀၀)၊ လက်ကားဈေး ကျပ်(၁၃၀၀၀)ယူကြောင်း၊ ကြိတ်ခွဲချိန် ကြာချိန်မှာ (၁)ဆုံလျှင် (၁)နာရီ မှ (၁:၁၅)ကြာပြီး ဆုံ(၂)လုံးရှိသော လုပ်ငန်းရှင်မှာ တစ်နေ့လျှင် မြေပဲအိတ်(၂-၃)အိတ်၊ ဆုံ(၄)လုံးရှိသော လုပ်ငန်းရှင်မှာ မြေပဲအိတ်(၄-၅)ခန့် ကြိတ်ခွဲပြီးကြောင်း၊ ဆုံအရေအတွက်ပေါ်မူတည်၍ မိသားစုဝင်ငွေ တစ်ရက်လျှင် ကျပ်(၃၀၀၀၀-၅၀၀၀၀)ရရှိကြောင်း၊ ဈေးကွက်ရှာစရာမလိုဘဲ အလုပ်အကိုင်အခွင့်အလမ်းရရှိသောကြောင့် စားဝတ်နေရေးအဆင်ပြေပြီး တွက်ခြေကိုက်ကြောင်း နဝလီကြိတ်ခွဲသည့် ဆုံဆီလုပ်ငန်းရှင်များ၏ ပြောပြချက်အရ လေ့လာ သိရှိရပါသည်။
DOCA(မကွေး)
