Main menu

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး၊ ခရိုင်ဦးစီးမှူးပါ(၄)ဦးတို့သည် (၂၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)မှစ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးအတွင်းရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများသို့ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီနှင့် ယာဉ်လိုင်းထိန်းသိမ်းရေးဌာနတို့မှ ပူးပေါင်းပါဝင်လျက် ဒဂုံဧရာအဝေးပြေးဝင်းအတွင်းရှိ ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုများဖြစ်သော ကံထူးအောင်+မြတ်မိခင်၊ နေလဝင်း၊ ဂျိုကာ၊ အိမ်မဲသားနှင့် ရာဇာအောင် ခရီးသည်သယ်ယူပို့ဆောင်ရေးတို့အား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုမရှိသည့် စားသုံးသူများကို ယာဉ်လိုင်းတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)နှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့မှ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)