
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးများရိတ်သိမ်းခြွေလှေချိန် ရောက်ရှိလာပြီးဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နိုဝင်ဘာလ စတုတ္ထပတ်မှ စတင်ရိတ်သိမ်းခြွေလှေစက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေလျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ဧကရိတ်သိမ်းခြွေလှေပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကော့မှူးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်းစာရေးရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံတောင်သူများက တစ်မြို့နယ်လုံးမိုးစပါးစိုက်ဧက (၈၈၀၈၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဓိ ကထားစိုက်ပျိုးသည့် အထွက်ကောင်းကျိုးစပါးများဖြစ်သော ရက်(၉၀)၊ သီးထပ်ရင်၊ ဇီယာ၊ ဧည့်မထ (အထွက်ကောင်း)၊ ငစိန်၊ မြီးဒုံး၊ ငကျွဲ(တောင်ပျံ)၊ ကောက်ညှင်း စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးထားကြပြီး မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီးဖြစ် သလို သီးထပ်၊ သီးညှပ်ဆောင်းသီးနှံများဖြစ်သော နွေစပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှံစားပြောင်း၊ ပိုက်ဆံလျှော်၊ ပန်းအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်သီးနှံများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလမှ စတင်ရိတ်သိမ်းခြွေလှေလျက်ရှိရာ ယခုအချိန်အထိ တစ်မြို့လုံးမိုးစပါး စိုက်ဧက (၆၆၅၁၇) ကျော်ရိတ်သိမ်း ခြွေလှေပြီးစီးပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
