Main menu

အင်္ဂပူမြို့နယ် “စန်းသီရိ”ဆန်စက်တွင် ဆန်စပါးရောင်းဝယ်မူအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၆.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ “စန်းသီရိ”ဆန်စက်လုပ်ငန်းရှင် ဦးလှမျိုးအောင်နှင့် တွေ့ဆုံ၍   ၂၀၂၅-၂၆ခုနှစ်မိုးစပါးရာသီ၌ ဆန်စက်တွင် စပါးရောင်းဝယ်မှုအခြေအနေ နှင့် လက်ကျန်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင်လက်ရှိတွင် ဆန်စပါးလက်ကျန်နည်းပါးနေကြောင်း၊ စပါး/ဆန်ဈေးများ မှာလည်း အကျဘက်ရောက်ရှိနေပြီး ဝယ်လိုအားနည်းလျက်ရှိကြောင်း သိရှိရပြီး၊ MyRo တွင် မှတ်ပုံ တင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန် စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေ ဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား  ဆွေးနွေးခဲ့ပြီး၊ ဆန်စက်များပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော လျှပ်စစ် Gasifire တပ်ဆင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)