
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ လေးအိမ်စုကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသော ငှက်ပျောဖီ’ကြမ်း ပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
လေးအိမ်စု ကျေးရွာ၌ စိုက်ပျိုးသော ငှက်ပျောမှာ ဖီးကြမ်းငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြပြီး ဧက(၀.၅၀)ဧက စိုက်ပျိုးထားရှိကြောင်း၊ တစ်ချို့ကျေးရွာနေ တောင်သူများမှာ မိမိတို့နေထိုင်ရာ အိမ်နောက်ဘက်တွင် တစ်ပိုင်တစ်နိုင်အဖြစ် ဖီးကြမ်းငှက်ပျောများ စိုက်ပျိုးကြကြောင်း၊ ကားလမ်းမဘေးတွင် လယ်မြေများရှိ၍ လယ်မြေပေါ်တွင် အိမ်များဆောင်ပြီး နေထိုင်ကြသဖြင့် အိမ်နှင့် လယ်မြေအလွတ်များတွင် ဇီးကြမ်းပင်များကို စိုက်ပျိုးထားကြောင်းတွေ့ရသည်။ စိုက်ပျိုးရာတွင် ၂၀၂၅ခုနှစ် ဧပြီလက စတင်စိုက်ပျိုးပြီး ငှက်ပျောပင်တစ်ပင်နှင့် တစ်ပင်အကြား ငါးပေခြားစိုက်ပျိုးကြကြောင်း၊ ငှက်ပျောပင်များ အသီး၊ အခိုင်များ ကြီးထွားရင့်မှည့်မှုလွယ်ကူစေရန် ဓာတ်မြေဩဇာအသုံးပြုပေးရကာ စိုက်ပျိုးပြီး ရှစ်လခန့်အကြာတွင် အသီးများစတင်ခုတ်ယူနိုင်ကြောင်းသိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် (၀.၅၀)ပေါ်တွင် ၁၂သိန်းခန့်ကုန်ကျကြောင်း၊ မျိုးတစ်ပင်လျှင် ၄၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး ငှက်ပျောအပင်ပေါင်း (၁၀၀)ခန့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ငှက်ပျောခိုင်အနေဖြင့် လက်ရှိ အခိုင်ပေါင်း ၄၀ကျော်ခန့်ခွက်ရှိနေကြောင်းသိရသည်၊၊ ဈေးနှုန်းအနေဖြင့် ငှက်ပျော ၁ခိုင်လျင် ၁၂ဖီထွက်ရှိ၍ လက်ကားဈေး ၁ခိုင် ငွေကျပ် ၃၀၀၀၀ကျပ်ရရှိကြောင်း၊ ဆဖီလျှင် ၂၅၀၀ကျပ်ဈေးရကြောင်း သိရသည်။ ငှက်ပျောပင်များမှာ အသီးအမှည့်စားသုံးနိုင်သည့်အပြင် ငှက်ပျောအူကို မုန့်ဟင်းခါးချက်ပြုတ်ရာတွင်လည်း အသုံးပြုကြသဖြင့် ငှက်ပျောခုတ်ယူရာတွင် မုန့်ဆိုင်များကို ရောင်းချရန်အတွက်လည်း ပေးပို့ရောင်းချရ ကြောင်း ငှက်ပျောစိုက်ပျိုးသူထံမှ သိရသည်။
DOCA(ဧရာဝတီ)
