
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍(၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၁၀)အချိန်တွင် ပင်းတယမြို့ရှိ ဆန်ဆိုင်များအား ဒေသအတွင်း ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ် ရောင်းချမှုများရှိ /မရှိ နှင့် ဆန်သိုလှောင်မှုအခြေအနေ လက်ကျန်ဆန်အိတ်အရေအတွက်၊ လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
