
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့်ရှိရာ ပြည်ပ ခရီးသွားပြည်သူများနှင့် ပြည်တွင်း ခရီးသွာလာသူများဖြင့် ထင်ရှားလျက်ရှိသည်။ ကျွန်းပေါင်း ၈၀၀ကျော်မှ မြိတ်မြို့ အနီး အနားရှိ ကျွန်းများကိုသာသွားရောက်ကြပြီး ခရီးအကွာအဝေးပေါ်မူတည်၍ စျေးနှုန်းကွဲပြားကြောင်း သိရှိရပါသည်။ ကျွန်းပတ်ခရီးစဉ်အတွင်း စမတ်ကျွန်း၊ လေးကျွန်း(King Island)၊ နတ်သမီးကျွန်း စသည်များကို သွားလာလည်ပတ်မှုများပြားကြပြီး အမြန်ယာဉ်အငယ် (Speed Boad)များဖြင့် သွား ရောက်ကြသည်။
ကျွန်းခရီးစဉ်ကို တစ်ဦးလျှင် ကျပ်၂ သိန်းခန့် ကုန်ကျကြောင်း၊ အမြန်ယာဉ်အငယ် (Speed Boad)များငှားရမ်း၍ သွားလာပါက ကျပ် ၁၆သိန်းခန့်ကုန်ကျနိုင်ကြောင်း တစ်စီးလုံးငှားများတွင် လေလံကျွန်းများဖြစ်သောကြောင့် ကျွန်းဝန်ဆောင်ခများပေးရကြောင်း တစ်ဦးလျှင်ကျွန်းဝန်ဆောင်ခ တစ်ကျွန်းလျှင် ၅၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ခန့် အထိရှိကြောင်းသိရှိရပါသည်။ ပင်လယ်ကျွန်းများသည် မြို့အနီးကျွန်းများနှင့် မတူညီဘဲ ပင်လယ်ရေ ကြည်လင်လျက်ရှိပြီး သဲသောင်ဖြူများဖြင့် တည်ရှိ လျက်ရှိသည်။ ကျွန်းများတွင် စားသောက်နေထိုင်ရန်နေရာများထားရှိခြင်းဖြင့် ဝန်ဆောင်မှုပြုကြ သလို ရေချိုရရှိနိုင်ရေး ဆောင်ရွက်ထားကြလေ့ရှိသည်။ ကျွန်းပေါ်တွင် အုန်းပင်များစိုက်ပျိုးနိုင်ပြီး အုန်းသီးများကို ရောင်းချလျက်ရှိသည်။ မြို့များတွင် အုန်းသီးတစ်လုံး ၃၅၀၀ကျပ်ခန့်ရှိပါက ကျွန်းပေါ်တွင် အုန်းသီးတစ်လုံး ၅၀၀၀ကျပ်ခန့်ရှိကြောင်း ဝယ်ယူမှသာခူးယူပေးကြောင်း သိရှိရ ပါသည်။
မြိတ်ခရိုင်သည် ကျွန်းပေါင်များစွာရှိသည့်အတွက် ခရီးသွားလုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကြောင်း ပြုနိုင်သောဒေသဖြစ်ပြီး ရေထွက်ကုန်၊ ဒေသထွက်ကုန်များဖြင့် ကျော်ကြားသော ဒေသ ဖြစ်သည်။
DOCA(တနင်္သာရီ)
