
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၁၂)ရက်နေ့တွင် မြစ်သားမြို့နယ်၊ အရေးမဆိုအုပ်စု၊ ရဲကုန်း ကျေးရွာ ဓမ္မာရုံအတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ် တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူးက) တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများ အား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုး ပြောင်းလဲလာပြီး အလွယ်တကူစားသောက်လို့ရသည့်(အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလို စားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာစားသုံးသူတွေရဲ့အလိုကို လိုက်ပြီး အရောင် အသွေးလှပရန် နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ ၊ ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီး ထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာ အရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း ၊ နာတာရှည်ရောဂါတွေဖြစ်ခြင်း ၊ သေကျေ ပျက်စီးခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ ဘက်ဂျက်ထိခိုက်ပြီးနိုင်ငံဖွံ့ဖြိုးမှုအတွက်ထိခိုက်လာလျက်ရှိကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက် ပြီး တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက် လာသော ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(မန္တလေး)
