
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေတောင်မှော်ကျေးရွာ ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဓူခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၊ လိမ်လည်လှည့်ဖျားခြင်း၊ စသည့်အခြေခံအချက်များကိုရှင်းလင်းခြင်း၊ ကုန်အညွှန်းအမှတ်သားဖော်ပြချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ စားသုံးသူ၏ အခွင့်အရေးနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာဖြစ်သည့် Consumer Call Center ဖြစ်သည့် (၁၅၃၅)သို့ ခေါ်ဆိုမေးမြန်း တိုင်ကြားနိုင်ပြီး၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ရုံးသို့ တိုင်ကြားနိုင်ပါကြောင်းကို အသိပညာပေးဟောပြောပြီး ကျေးရွာနေပြည်သူ (၃၅)ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များမေးမြန်းကြကာ တာဝန်ရှိသူမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
