
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မူမူသန်း ၊ ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များ၊ စားသုံးသူအခွင့် အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူ ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာ ဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
