
မိတ္ထီလာမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ကုလားအော်သီးပင်များကိုတနိုင်တပိုင် စိုက်ပျိုးကြပြီး ယခုအခါစီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြသည်။ ယခုအခါ ကုလားအော်သီးများ ဈေးကောင်းလျက်ရှိကြောင်း ကုလားအော်သီးရောင်းချသူထံမှ သိရှိရပါသည်။ ကုလားအော်သီးများကို (၁၀)ကျပ်သားလျှင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချနေပြီး (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုလားအော်သီး ရောင်းချသူထံမှသိရှိရပါသည်။ ယခင်လတွင် ကုလားအော်သီးများကို ၁၀ ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ဈေးအနည်းငယ်တက်ရောင်းကြောင်း သိရပါသည်။
DOCA(မန္တလေး)
