
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် သာစည်မြို့၊ အမှတ် (၁)၊ သီရိမင်္ဂလာရပ်ကွက်ရှိ ရွှေဗဟိုရ် (ငါးရေခွံကြော်) လုပ်ငန်း မြို့နယ်မှဖွဲစည်းတာဝန်ပေး အပ်ထားသော မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်း၍ ရေဆိုးထုတ်မြောင်းမှ အနံ့ဆိုးများထွက် ရှိသည်ဟု တိုင်ကြားလာမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငါးအရေခွံဆေးကြောသည့် ရေများအား ပေ(၂၀)လိုင်း ကျင်းတူးလစ်လှောင်၍စွန့်ပြစ်ကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ထုံးဖြူးစခြင်း၊ ပိုးသတ်ဆေး ဖြန်းခြင်းများပြုလုပ်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦစီးဌာနမ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်ပေါ်တွင်အမျိုးအမည် ၊အရွယ်အစား၊အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းစသည့် သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွပ်ရန်၊ ကိုက်ညီမှုမရှိသည့်ကုန်စည်များကို ရောင်းချမည်ဆိုလျှင် စားသုံးသူကာ ကွယ်ရေးဥပဒအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ခွင့်ပြုမိန့်များ ပြည့်စုံစွာထားရှိနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်အား သိရှိကြောင်းလုပ်ငန်းရှင်အား သာစည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဝန်ခံကတိ လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
