
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် (၈၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် (၉၂၀၀၀)ကျပ်၊ နှမ်းနက်(သစ်)တစ်တင်းလျှင် (၂၃၅၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၅၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။အလားတူပင် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၀၄၀) ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
