Main menu

မုံရွာမြို့တွင် ဒီဇင်ဘာလ တတိယပတ်၌ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

                မုံရွာမြို့နယ်ရှိ တောင်သူများသည် ခရမ်းချဉ်ကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပြီး နတ်တော်လတွင် မုံရွာစျေးကွက်သို့ ခရမ်းချဉ်သီး ဝင်ရောက်မှု အပေါ်မူ အနည်းငယ်လျော့ကျခြင်း၊ ယခုနှစ်တွင် တောင်သူများသည် မိုးများ၍ စိုက်ခင်းများ ပိုးကျခြင်းကြောင့်  အထွက်နှုန်းနည်းရခြင်းဖြစ်ပြီး  စျေးနှုန်းအနည်းငယ်မြင့် တက် လျက်ရှိကြောင်း သိရှိရပါသည်။

      မုံရွာမြို့ရှိ နန္ဒာဝန်ဈေး၊ ဈေးဟောင်း၊ သံလမ်းဈေး၊ မြသလ္လာဈေး၊ ကန်သာယာဈေး၊ သာစည်ဈေးများတွင် ခရမ်းချဉ် တောင်ကြီးသီး အင်းသီး၊ တိုင်ထောင်သီးနှင့် ဗမာ (ကျားခြေယာ)သီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျက်ရှိပါသည်။ ဒီဇင်ဘာလ တတိပတ် အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ လက်လီစျေး အင်းသီး တစ်ပိဿာလျှင်    ၁၀၀၀၀ ကျပ်၊ တိုင်ထောင်သီး လက်က္ကားတစ်ပိဿာလျှင်  ၆၅၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၇၂၀၀ ကျပ်၊ ဗမာသီး (ကျားခြေယာ) လက်က္ကား တစ်ပိဿာလျှင်   ၈၀၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်၍ အရောင်းသွက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)