Main menu

သံလမ်းဈေးတွင် ရောင်းချနေသော ဖက်ဖယ်ရွက်၊  ဆူးပုတ်ကြီးရွက်နှင့် ကင်းပွန်းချဉ်ရွက် ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိပြီး စားဖိုဆောင်သီးနှံဖြစ်သည့်  ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကို အဓိကစိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သံလမ်းဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၂)စည်းလျှင်(၆၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၅၀၀)ကျပ်နှင့်  ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၄၀၀) (၃)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)