မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဆီထွက်သီးနှံဧကသုံးထောင်ကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် နေကြာ ၃၅၂၀ ဧက၊ မြေပဲ ၁၁၉ ဧက၊ နှမ်း ၂၅ ဧက စုစုပေါင်း ဆီထွက်သီးနှံ ၃၆၆၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲမျိုးစုံ ၅၂၇၁ ဧကနှင့် ပိုက်ဆံလျှော် ၂၀ ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA (မွန်)
