
မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် စားဖိုဆောင် အုပ်စုဝင် ရာသီပေါ်ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ကိုက်လန်အရွက် များကိုလည်း ရောင်းချလျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ကိုက်လန်ရွက်တစ်စည်းလျှင် (၅၀၀) ကျပ်၊ ဆယ်စည်းလျှင် (၄၅၀၀) ကျပ်ခန့်၊ ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကိုက်လန်တစ်စည်းလျှင်(၁၅၀)ကျပ်၊ ဆယ်စည်းလျှင်(၁၀၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ အညာဒေသ၌ စိုက်ပျိုးထွက်ပေါ်သော ဆောင်းစိုက် ကိုက်လန်ရွက်များ ဈေးကွက်၌ လှိုင်လှိုင်ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းလာ ကြောင်း၊ စိုက်ပျိုးသောကျေးရွာများမှာ ပတ္တာကျေးရွာ၊ ဂေါင်းကွဲကျေးရွာ၊ သဲဖြူဝ ကျေးရွာနှင့် ဒါးကျွန်းကျေးရွာတို့၌ စိုက်ပျိုးထားရှိကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ လိုအပ်ပါက ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြိုတို့မှ လည်းတင်သွင်းရောင်းချရကြောင်း၊ ထိုကိုက်လန်များသည် ဒေသထွက် ကိုက်လန်များထက် ဈေးအနည်းငယ်မြင့်ကြောင်း၊ ရာသီစာကိုက် လန်ရွက်များအား စားသုံးမှုများ၍ နေ့စဉ်ကိုက်လန်ရွက်အစည်း (၂၀၀-၃၀၀) စည်းခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။
DOCA(မန္တလေး)
