
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် အသီးအနှံများအပြင် Cp ကြက်သားများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချနေသော Cp ကြက်သားဈေးနှုန်းမှာ Cp ကြက်သား ၂၅ကျပ်သား (၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၁၂၀၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၂၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
