Main menu

မအူပင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနတို့ ပူး‌ပေါင်း၍ အွန်လိုင်းစနစ်ဖြင့်‌ ရောင်းချခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းကို မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်(၁၀)နှင့် ပြည်သူ(၁၀)ဦးတို့အား ၉-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁) နာရီအချိန်က အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက  စားသုံးသူများ၏အခြေခံအခွင့်အရေးများနှင့် လိုအပ်ချက်များကို အလေးထားကာ ကွယ်ပေး နိုင် ရေး စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ အသိပညာပေးဆောင်ရွက် ပေးနေမှု အခန်းကဏ္ဍများ အားရှင်းလင်းပြောကြားခဲ့ပြီး မအူပင်ခရိုင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်နေမှုများ၊ မှတ်ပုံတင် ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ(၂)မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများ အတွက် နစ်နာဆုံးရှုံးမှုများ ရှိခဲ့လျှင်လည်း နည်းလမ်း(၅)မျိုးဖြင့် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစ သည့် နည်းလမ်း(၂)မျိုးဖြင့် ဖြေရှင်းပေးကြောင်း ပြောကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535)ကို ဆက်သွယ် တိုင်းကြားနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက်များကိုလည်း ဖြေကြားပေးကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက Center(1535)သို့ ခေါ်ဆိုမှုများဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်သူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)