
(၁၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)အချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(ဌ/၄၂)၊ ဗောဓိညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် ဒေါ်ယမင်းသန့်စင်(ကူးကူးစာအုပ်ဆိုင်)နှင့် ဒေါ်နွယ်နီထွန်း(ထွန်း ပညာရေးဝန်ဆောင်မှု)တို့အား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၄)၊ပုဒ်မခွဲ(ဂ)အရအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်စနစ်ဖြင့် ထိန်းကျောင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခင်စီးပွားရေး လုပ်ငန်း ရှင်များအား မြေပြင်စစ်ဆေးခြင်းမပြုဘဲ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခဲ့ရာ ယခုအခါတွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားလာသည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှ မှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမည်ဖြစ်ခြင်းကို ဟောပြောဆွေးနွေးခဲ့ပြီးဆွေးနွေးပွဲကိုစီးပွားရေးလုပ်ငန်းရှင်(၂)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၂:၅၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ရန်ကုန်)
