Main menu

၂၀၃၀ ပြည့်နှစ်တွင် အဆင့်မြင့်နည်းပညာနှင့် မဟာဗျူဟာကျသော စက်မှုလုပ်ငန်းများတွင် ဉာဏပညာရှင်လုပ်သားအင်အား ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် ဗီယက်နမ်ရည်မှန်း

Powered by Drupal

         ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အဆင့်မြင့်နည်းပညာနှင့် မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများတွင် ဉာဏပညာရှင်လုပ်သားအင်အားအချိုးအစားကို ၂၅ ရာခိုင်နှုန်းအထိ မြှင့် တင်ရန် ရည်ရွယ်ထားကြောင်း ဗီယက်နမ်သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ဖော်ပြခဲ့ သည်။ ၂၀၃၀ ခုနှစ်အထိ စက်မှုထွန်းကားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်သည့် ကာလအတွင်းနှင့် ၂၀၄၅ ခုနှစ်အထိ မျှော်မှန်းချက်ရှိသည့် ဉာဏပညာရှင်လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာအသစ်တွင် ထိုရည်မှန်းချက်ကို ချမှတ်ထား သည်။ မဟာဗျူဟာအရ သိပ္ပံဆိုင်ရာသုတေသန၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်မှုတို့တွင် ပါဝင်ဆောင်ရွက်နေသော အချိန်ပြည့်ဝန်ထမ်းအရေအတွက်သည် ၂၀၃၀ ပြည့်နှစ်တွင် လူ ၁၀,၀၀၀ လျှင် ၁၂ ဦးအထိရောက်ရှိရန် မျှော်လင့်ရသည်။ အခြေခံသိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာတို့တွင် သင်ယူသူအချိုးအစားသည် အနည်းဆုံး ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် စီစဉ်ထားပြီး အနည်းဆုံး ပါရဂူဘွဲ့အတွက် လျှောက်ထားသူ ၆၀၀၀ နှင့် အရည်အချင်းကို အခြေခံသော အစီအစဉ်များတွင် စာရင်းသွင်းထားသူ ၂၀၀၀၀ ပါဝင်သည်။ ယင်းဗျူဟာသည် ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်လုပ်ကိုင်မှုအစီအစဉ်များမှတစ်ဆင့် ပြည်တွင်း၌ ပညာရေးဖလှယ်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှု၊ လေ့ကျင့်မှုနှင့် နည်းပညာလွှဲပြောင်းမှုတို့တွင် ပါဝင်ဆောင်ရွက်ရန် ပြည်ပတွင်နေထိုင်သော နယ်ပယ်အသီးသီးမှ ထူးချွန်သော ဗီယက်နမ်ပညာရှင် ၁၀၀၀ ခန့်ကို ဆွဲဆောင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)