Main menu

ပန်းတနော်မြို့နယ်၌ ကန်စွန်းဥများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး     မအူပင်ခရိုင်  ပန်းတနော်မြို့နယ်၌   ဒေသထွက် ကန်စွန်းဥ များ   ဝယ်လို အား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်။ ပန်းတနော်မြို့နယ်မှ ကန်စွမ်းဥ စိုက်ဧက ၁၁၉၄ဧက စိုက်ပျိုးရန် လျာထားသော်လည်း ၈၅၀ ဧကခန့် ကြောင်း သိရသည်။

ကန်စွန်းဥ စိုက်ပျိုးမှုအနေဖြင့် တွေက မြန်မာကန်စွန်းဥ နဲ့  ကိုရီးယား ကန်စွန်းဥ ဆိုပြီး  အမျိုးအစား နှစ်မျိုး  စိုက်ပျိုးကြောင်းသိရသည်။ ကန်စွမ်းဥ စိုက်ပျိုးချိန်မှာ မေလတွင် စတင်း စိုက်ပျိုး ပြီး (၁) ဧကစိုက်ပျိုးမှု အတွက် ကန်စွန်းပင်ဖြတ်ပိုင်း(၂၅၀၀၀)ခန့်စိုက်ပျိုးကြောင်း၊ ကန်စွန်းဥတစ်ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၅၀၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၃လခွဲအကြာ စတင်းတူးဖော်ကြသည်။ ကန်စွန်းဥ (၁)ဧကလျှင်  ပိဿာချိန် (၂၅၀၀ မှ ၃၀၀၀) ခန့် အထိထွက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ဖြန့်ဖြူးရောင်းချမှုအနေဖြင့် လက်ကားဈေးအနေဖြင့် ကန်စွန်းဥအဖြူ တစ်ပိဿာ လျှင် (၂၅၀၀/)ကျပ်၊ အဝါတစ်ပိဿာလျှင်(၃၅၀၀/) ကျပ်၊ ခရမ်းတစ်ပိဿာလျှင် (၆၀၀၀/)ကျပ်ဖြင့် ရောင်းချ ကြကြောင်း၊ လက်လီဈေးအနေဖြင့်  ကန်စွန်းဥအဖြူတစ်ပိဿာလျှင်(၂၀၀၀/)ကျပ်၊ အဝါတစ်ပိဿာ လျှင်(၃၀၀၀/)ကျပ်၊ ခရမ်းတစ်ပိဿာ လျှင်(၅၀၀၀/)ကျပ်ဖြင့် အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြား လျက်ရှိကြောင်း၊  ကန်စွန်းဥ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၃၈၀၀၀၀၀/)ကျပ်ခန့်ရရှိကြောင်း၊ စိုက်စရိတ်သက်သာပြီး အကျိုးအမြက်ရရှိသဖြင့်  ကန်စွန်းဥများအား ကို တောင်သူများအနေဖြင့် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ထက် စိုက်ပျိုးသူနည်းသော်လည်း ယခုနှစ် စိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း ရန်ကုန်သို့လည်း အနည်းငယ်တင်ပို့ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

DOCA(ဧရာဝတီ)