Main menu

ပန်းတနော်မြို့နယ် ကုန်မျိုးစုံအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ  တာဝန်ရှိသူများ သည် ၈.၁၂.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ကမ်းနားလမ်းရှိရှိ ဒေါ်မြကျင် (ကုန်စုံဆိုင်) သို့ ရောင်းချ သောဈေးကွက်ရောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိကို ခရိုင် FDA၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့်အတူ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာ သာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း နှင့် သက်ဆိုင်ရာဦးစီးဌာနများက ဖော်ပြရန် သတ်မှတ်အချက်အလက်များ ပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား စီးပွားရေး လုပ်ငန်းရှင်တာဝန်များ၊ လုပ်ငန်းရှင်တို့မှ ဥပဒေပါ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိရပါ စီးမန့်ခန့်ခွဲရေး နည်းလမ်းများအရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပေးပြောကြား လိုအပ် သည်များမှာကြားပြီး ကုန်အညွှန်အမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)