
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်း သင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတစ်ဦးသည်(၈ .၁၂ .၂၀၂၅)ရက် (၁၀:၀၀)အချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရမည်း သင်းမြို့နယ်ရွာ တန်းစံပြကျေးရွာအုပ်စုရှိ ဆန်လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင် များအားကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်ဆန်ဆိုင်များအားသတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချခြင်း ရှိ/မရှိ ဆန်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းရှိ/မရှိ ၊ သတ် မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး ဈေးနှုန်းများကို အများ ပြည်သူမြင်သာသော နေရာတွင်မြင်သာသည့်စာလုံးအရွယ်အစားဖြင့်ရေးသားဖော်ပြ၍ ရောင်းချ ရန် ၊ မြန်မာ့ဆန်စပါးအွန် လိုင်း(Myro)တွင်မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရ ပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ပြီး ရွာတန်းစံပြကျေးရွာအုပ်စု ၊ ဈေးကွက်သစ်ကျေးရွာရှိ ဦးဇော်ဝင်း၏ ဆန်သိုလှောင်ရုံအား (Myro) တွင်မှတ်ပုံတင်ခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
