Main menu

ဆက်လက်ဈေးနှုန်းမြင့်တက်လာသောပဲလွမ်းပြာ

Powered by Drupal

      မြင်းခြံခရိုင် ကုန်စည်ဒိုင်(MDCCI)၌ နေ့စဉ် လယ်ယာထွက်ကုန် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည့်အနက် ပဲလွမ်းပြာ  ပဲများကိုလည်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။ ယခု၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ပဲလွမ်းပြာ တစ်တင်းလျှင် (၈၂၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လ နိုဝင်ဘာလတွင် ပဲလွမ်းပြာ တစ်တင်းလျှင် (၆၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲလွမ်းပြာတစ်တင်းလျှင် (၁၉၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပွဲရုံများ တွင်နေ့စဉ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  (၁၀၀-၁၅၀) အိတ်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ပဲလွန်းပြာပဲများကို ဒေသတွင်းစားသုံးကြသလို တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပဲပွဲရုံများ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)