
အင်ဒိုနီးရှားရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက အင်ဒိုနီးရှား-ဥရောပဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက်သဘောတူညီချက် (IEU-CEPA) ကို အင်ဒိုနီးရှား၏ ငါးနှင့် ရေထွက်ကုန်များ ဥရောပ သို့တင်ပို့မှုတိုးမြှင့်ရာတွင် ထိရောက်စွာအသုံးချရမည်ဟု ပြောကြားခဲ့ပါသည်။ ရေကြောင်း နှင့် ငါး လုပ်ငန်း၏ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းစေရေးအတွက် ခေတ္တညွှန်ကြားရေးမှူးချုပ် Machmud က ၎င်းတို့သည် အကောက်ခွန်ကောက်ခံခြင်းမခံရမည့် IEU-CEPA ကြောင့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။ ကျောက်ကျောအစရှိသည့် ပင်လယ်ကျောက်ပွင့်မှဆင်းသက်လာ သည့်ထုတ်ကုန်များနှင့် လက်မှုပစ္စည်းများအတွက် အင်ဒိုနီးရှားသည် ဥရောပဈေးကွက်တွင် အမေရိကန် ဒေါ်လာ ၁၃.၆၅ သန်းတန်ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရည်မှန်းချက်ဖြစ်သည့် အမေရိကန် ဒေါ်လာ ၈ သန်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ ပုဇွန်နှင့် တူနာပါဝင်သည့် ငါးထုတ်ကုန်များသည် IEU-CEPA မတိုင်မီကတည်းကတင်ပို့မှုမြင်တက်ခဲ့ခြင်းက အင်ဒိုနီးရှား ရေထွက်ကုန်များအတွက် ဥရောပ၏အားကောင်းသောဝယ်လိုအားကို ရောင်ပြန်ဟပ်ကြောင်း သိရပါ သည်။ Machmud က သဘောတူညီချက်စတင်အသက်ဝင်ချိန်မှစ၍ ဥရောပသို့တင်ပို့မှုဆက်လက် ကြီးထွားရန်မျှော်လင့် ကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည်လည်း အလားအလာရှိသော ဥရောပဝယ်ယူသူများ ကို အင်ဒိုနီးရှားငါးပြုပြင်ထုတ်လုပ်သည့်စက်ရုံများသို့ လည်ပတ်ရန် တိုက်ရိုက် ဖိတ်ခေါ် ခြင်းအားဖြင့် အရောင်းမြှင့်တင်ရန် အားထုတ်လျက်ရှိကြောင်း သိရပါသည်။ အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဧပြီလတွင် စပိန်နိုင်ငံဘာစီလိုနာမြို့တွင်ကျင်းပမည့် ကုန်စည်ပြပွဲပြီးနောက်တွင် မေလ သို့မဟုတ် ဇွန်လ စီစဉ်ထားကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က IEU-CEPA ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးရန် ရည်မှန်းထားကြောင်းနှင့် သဘောတူညီချက်နှင့်ပတ်သတ်၍ လတ်တလောတွင် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိပြီး များစွာ သောဘာသာ စကားများသို့ဘာသာပြန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
Antara News
DOCA (ရန်ကုန်)
