
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်မာလကာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ အလုံး(လတ်) ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး)၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လတွင် ဘုရား ပွဲတော်များ၊အလှူပွဲများကျင်းပသည့်ရာသီချိန်ဖြစ်၍ မာလကာသီးများ အရောင်းသွက်လျှက် ရှိကြောင်း မြင်းတန်း စျေးရှိ သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA (မန္တလေး)
