
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅)ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်နှင့် မြောက်ဒဂုံမြို့နယ် တို့ရှိ Online Sale လုပ်ငန်းများအား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ်ငန်း အမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိ နှင့် ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီ မှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
