Main menu

နတ်တော်လဆန်းရှိ မန္တလေးဟင်းနုနွယ်ရွက်စျေးကွက်

Powered by Drupal

          မန္တလေးမြို့၊သီရိမာလာစျေးတွင် နတ်တော်လဆန်းကာလအတွင်းကုန်စိမ်းသီးနှံဝင်ရောက်မှုများပြားလျက်ရှိပြီး၊ဟင်းနုနွယ်ရွက်မှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကုန်စိမ်း ဟင်းနုနွယ်ရွက်ပေါက်စျေးမှာ လက္ကားစျေးတစ်ပိဿာ လျှင် ၁၅၀၀ ကျပ်နှင့် ၁၇၀၀ ကျပ်၊ လက်လီ စျေးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုး အစားအလိုက် Canter (၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA  (မန္တလေး)