Main menu

ဒီဇင်ဘာလဒုတိယပတ်ရှိ မန္တလေးဆီကြိတ်ဖတ်စျေးကွက်

Powered by Drupal

        မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလပထမပတ်အတွင်း  မွေးမြူရေးတိရိစ္ဆာန်အစားအစာဖြစ်သည့် ဆီကြိတ်ဖတ်အမျိုးမျိုး စျေးကောင်းရလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ စားဆီကြိတ်ခွဲပြီးနောက် ထွက်ရှိလာသည့် မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များမှာ မန္တလေးကုန်စည်ဒိုင်စျေးကွက်အတွင်း မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုများပြားသည့်အတွက် ကုန်စည်ဒိုင်စျေးကွက်တွင် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၇၅ဝိ/- နှင့် ၆၈၀ဝိ/-၊ နှမ်းဖတ် ၄၃၀ဝိ/- နှင့် ၄၄၀ဝိ/-၊နေကြာဖတ် ၃၃၀ဝိ/-နှင့် ၃၃၅၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)