Main menu

ကျောက်တံခါးမြို့၊ ဗျိုင်းကွင်းကျေးရွာ၊ (အ.မ.က) လွန် ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် တာဝန်ခံရုံး အနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို  အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၈.၁၂.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ် တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့၊ ဗျိုင်းကွင်းကျေးရွာ၊ (အ.မ.က) လွန် ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

   ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် မိတ်ဖက်ဌာနဖြစ်သော ကျောက်တံခါးမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ (အ.မ.က) လွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အား စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ/ ဆရာမ ဦး နှင့် ကျောင်းသား/ ကျောင်းသူ ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)