
(၁၀.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် အမှတ်တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား အမှတ်တံဆိပ် ဘူးသွပ်ဆီများဖြင့် ရောင်းချရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
