
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များရှိ ဆန်သိုလှောင်ရုံထားသောကုမ္ပဏီများဖြစ်သော Paddy Star၊ Myanmar AWBA နှင့် Vivo Co.,Ltd များသို့ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဆန်စပါးသိုလှောင်ရုံများအား မှတ်ပုံတင်ထားသော သိုလှောင်ရုံပိုင်များသည် ဆန်စပါးသိုလှောင်ရုံကဏ္ဍမှ ပယ်ဖျက်ခွင့်ပြုနိုင်ပါရန် လျှောက်ထားလာခြင်းအပေါ် သိုလှောင်ရုံနေရာပြောင်း၊ လုပ်ငန်းရပ်ထား၊ ပိုင်ရှင်ပြောင်း၊ ငှားရမ်းသိုလှောင်ရုံ သက်တမ်းကုန်၊ ပိုင်ရှင်အမည်ပြောင်းတို့အတွက် ဖော်ပြပါအချက်များ တစ်ခုခုကြောင့် ပယ်ဖျက်ခွင့်လျှောက်ထားလာခြင်း ဟုတ်/ မဟုတ် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
