Main menu

ဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း 

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျက်ရှိသော အသင့်သောက်များတွင်အချိုရည်ဗူးများတွင်   ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်များတွင်အချိုရည်ဗူးများဖြစ်သော  SPEED အားဖြည့်အချိုရည်၊ Royal D သီးစုံဓါတ်ဆား အားဖြည့်အချိုရည်၊ Max + အချိုရည်၊ PEPSI  ကိုလာအချိုရည်၊ Sunkist အချိုရည်၊ SHARK အားဖြည့်အချိုရည် Sprite အချိုရည်စသည့်အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေး ချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလိုဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)