
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/ အောင်လံခရိုင် တာဝန်ခံဦး ဆောင်သော ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကုန်စုံဆိုင် များ၌ ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည် စုံ မှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို သာရောင်းချ ကြောင်း စစ်ဆေးတွေ့ရှိရပြီး နို့နှင်ဓါတ်မတည့်သူများ၊ နို့နှင့်မတည့်သောအစားအစာများ များပြားလာမှုကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
