
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို နတ်တလင်းမြို့၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ် (၃၆၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၄၀၀၀) ဈေးနှုန်းကျဆင်း ကြောင်း သိရသည်။ မင်းဘူးမြို့မဈေး၌ ငါးပိ၊ ငါးခြောက်များကို ရန်ကုန်မြို့၊ ဖျာပုံမြို့နှင့် နတ်တလင်း မြို့တို့မှ တိုက်ရိုက်မှာယူရောင်းချသည့်အတွက် ယခုအချိန်တွင် ဈေးအတွင်းသို့ ဝင်ရောက်မှုများလာ သဖြင့် ဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)
