
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ယခုနှစ် ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်လ နိုဝင်ဘာလအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ပိဿာလုံး တစ်ပိဿာလျှင် (၃၅၀၀ကျပ်မှ၄၀၀၀ ကျပ်ထိ) သာရှိသော်လည်း ယခုလအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ပိဿာလုံး တစ်ပိဿာလျှင် (၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ) မြင့်တက်နေကြောင်း သိရှိရပါသည်။
ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်သော အင်းသီး၊ အောင်ပန်းသီးများကို အဓိကထား သယ်ယူရောင်းချကြပြီး ထိုင်ဝမ်သီးနှင့် မန္တလေးမှထွက်သော ဗမာခရမ်းချဉ်သီးများကို လည်းသယ်ယူ၍ ရောင်းချကြကြောင်း သိရှိရပါသည်။ လက်ရှိတွင် အောင်ပန်းသီးများနှင့် အင်းသီး များကိုသာ သယ်ယူရောင်းချလျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။ ဒေသတွင်းခရမ်းချဉ်သီး များမှာ တစ်ပိုင်တစ်နိုင် အိမ်စားလောက်သာ စိုက်ပျိုးကြသဖြင့် ဈေးကွက်သို့ ဝင်ရောက်နိုင်မှု နည်းပါးသည့်အပြင် အခြားဒေသများမှ သယ်ယူရာ၌လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များရှိသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ ဈေးကျခြင်းမရှိဘဲ အတက်ဈေးဖြင့်သာ ရောင်းချနေ ကြကြောင်း လားရှိုးမြို့တွင်းရှိ ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
