Main menu

“ကျောက်မဲမြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး”

Powered by Drupal

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ကျောက်မဲမြို့ရှိ ဝန်ထမ်းများသည် ကျောက်မဲမြို့အတွင်းရှိ ဆီကုန်သည်လုပ်ငန်းရှင်များနှင့် (၁၀.၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (13:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျောက်မဲခရိုင်ဦးစီးမှူးသည် ဆီသယ်ယူရောင်းချသည့် ဆီလုပ်ငန်းရှင် များအနေဖြင့် စားအုန်းဆီများအား ဈေးကွက်အတွင်း  စားသုံးသူပြည်သူများထံ ဖြန့်ဖြူးရောင်းချ ရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရန်၊  သတ်မှတ်ထားသော အရေအတွက်အတိုင်းရောင်းချရန်၊ အလေးချိန်နှင့် အချိန်အတွယ်များကို လျော့နည်းမှုမရှိဘဲ မှန်ကန်မှုရှိစေရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစွာ ရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့အပြင် ခရိုင်ဦးစီးမှူးသည် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို လည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)